ကနီမြို့နယ်အတွင်း ကျောင်းလာတက်သည့် ကျောင်းသားမရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက အခြေခံပညာ ကျောင်းအားလုံးမှာ ကျောင်းသူကျောင်းသားပေါင်း ၂၀၀ ကျော် ကျောင်းအပ်လက်ခံစာရင်းပေးထား ပေမဲ့ ကျောင်းလာတက်ရောက်တဲ့ ကျောင်းသားမရှိဘူးလို့ ကနီမြို့နယ် ပညာရေးမှူးရုံးကနေသိရပါတယ်။

မြို့နယ် ပညာရေးမှူး ရုံးဝန်ထမ်းတစ်ဦးက  “ကျောင်းလာအပ်တာ တစ်မြို့နယ်လုံး အတိုင်းအတာနဲ့ဆို ကျောင်းသား/ကျောင်းသူ ၂၀၀ စာရင်း ပေးကြတယ်။ ကျောင်းတော့ လာမတက်ဘူး။ ကနီမြို့ပေါ်အထက မှာတော့ ၇၀ လောက် ကျောင်းအပ်တယ်။ သူတို့လည်း လာမတက်ကြဘူး။ ၂၀၂၀-၂၁ ပညာသင်နှစ်စာရင်းအရ ဒီကျောင်းမှာ ကျောင်းသား/ကျောင်းသူ ၂၀၀၀ ကျော်ရှိတယ်”လို့ ပြောပါတယ်။

ကနီမြို့နယ်အတွင်းမှာ အထက ၁၂၊  အထက ခွဲ ၂၆၊ အလက ၂၃၊ အလက ခွဲ ၁၅၊ မူလွန် ၂၈၊ အမက ၄၀၊ အမက ခွဲ ၄ ကျောင်းနဲ့ စုစုပေါင်း ၁၄၈ ကျောင်း ရှိကြောင်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up