ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ ဇွန်လ ၁ ရက်နေ့ မနက်အစောပိုင်းက ညမထွက်အရအချိန် မီးလောင်မှုနဲ့ ပတ်သက်ပြီး ပြည်သူ ၄ ယောက်ကို စစ်ကောင်စီလက်နက်ကိုင်တပ်တွေက ဖမ်းဆီး စစ်ဆေးနေပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး ကိုစံရွှေမြင့်နဲ့ ရှိုင်းထက်အောင် (ခ) သိုးလေးတို့အပါဝင် ၄ ဦးကို မေးမြန်းစရာရှိလို့ဆိုပြီး ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖမ်းဆီးသွားတဲ့ နောက်ပိုင်း မိသားစုနဲ့ တွေ့ခွင့်မပေးတော့သလို ဘယ်မှာ ဖမ်းဆီးပြီး စစ်ဆေးနေတယ်ဆိုတာ မသိရသေးဘူးလို့ ဖမ်းဆီးခံရသူတွေရဲ့ မိတ်ဆွေတွေက ပြောပါတယ်။
ဈေးမီးလောင်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူ ၄ ယောက်ထဲက အသက် ၁၇ အရွယ်နဲ့ အသက် ၂၅ နှစ်အရွယ် လူငယ် ၂ ဦးကိုတော့ ဇွန်လ ၂ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
ကန်ကြီးထောင့်မြို့မစျေးမှာ ဇွန်လ ၁ ရက် မနက် ၃ နာရီလောက်မှာ ဆိုင်ခန်းပေါင်း ၁၇၅ ခန်းနဲ့ ဈေးအနီးက နေအိမ် ၃ လုံးမီးလောင်ခဲ့တာကြောင့် ဒေသခံလူငယ်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပါတယ်။