မုံရွာ ကားကြီးကွင်းနှင့် နေရာအချို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား
DVB
·
June 3, 2021
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဇွန်လ ၂ ရက်နေ့က မုံရွာကားကွင်းရှိ ရွှေမန်းသူကားဂိတ်အပါအဝင် နေရာ ၅ နေရာလောက်မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။
“မနေ့ညနေ ၅ နာရီလောက်က ကားကြီးကွင်းထဲမှာ လက်လုပ်ဗုံးပစ်သွားတယ်။ လူတွေထိခိုက်မရှိဘူး” လို့ ကားဆရာတစ်ဦးက ပြောပါတယ်။
မနေ့ ည ၇ နာရီခွဲလောက်မှာတော့ မုံရွာမြို့ ကျောက္ကာလမ်း၊ ဘုန်စိုးရပ်ကွက် နေဇာလမ်းသွယ် တို့ အနီးပေါက်ကွဲမှု ၃ ခု ဖြစ်ပွားပြီး ည ၈ နာရီလောက်မှာတော့ မုံရွာမြို့ ရုံးကြီးရပ်၊ စာရေးတန်းလမ်းရှိ ဆိုင်တစ်ဆိုင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။