လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြ
DVB
·
June 3, 2021
တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်က ပြည်သူတွေဟာ ဇွန် ၃ ရက်မှာလည်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို ဆက်လက်ဆန္ဒပြခဲ့ပါတယ်။
ဒီကနေ့မှာတော့ လောင်းလုံးမြို့နယ်ရဲ့ ညင်းမော်၊ ကဒက်ငယ်ကျေးရွာတွေအပြင် ကျေးရွာ အများစု ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး တောင်တန်း၊ ပြည်မ ညီညွတ်ကြဖို့လည်း ဆန္ဒပြသူတွေက တိုက်တွန်းခဲ့ပါတယ်။
လောင်းလုံးမြို့နယ်က ပြည်သူတွေဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို လက်မခံ ကြောင်း သပိတ်မျိုးစုံ လုပ်ပြီး နေ့စဉ် ရက်ဆက် ဆန္ဒပြနေတာ ဖြစ်ပါတယ်။