စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရန်ကုန် ရွှေပြည်သာမြို့နယ်မှာ ဇွန်လ ၂ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက်ရဲ့ နေအိမ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
အမှတ် ၁၀ ရပ်ကွက်၊ ကော့သောင်းလမ်းမှာ နေထိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမျိုးရဲ့ နေအိမ်မှာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ ပျက်စီးတာမျိုး မရှိဘူးလို့ ပတ်ဝန်းကျင်နေထိုင်သူတွေကပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်ပိုင်းအကြာမှာပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်ရှိလာပြီး လမ်းကို ပိတ်ကာ ရှာဖွေစစ်ဆေးနေပါတယ်။
ရွှေပြည်သာမြို့မှာ မေလ ၃၀ ရက်နေ့ကလည်း အမှတ် ၅ ရပ်ကွက် ရာအိမ်မှူး ဒေါ်ပုမရဲ့ နေအိမ်မှာ ဗုံးပေါက်ခဲ့ပါတယ်။