မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက် လမ်း ၄၀၊ ၇၉ လမ်းနဲ့ လမ်း ၈၀ ကြားမှာ ဇွန်လ ၁ ရက် ညနေ ၆ နာရီခွဲလောက်က လက်လုပ်ဗုံးပေါက်ကွဲပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ယောက် ဒဏ်ရာရသွားပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ သူ့ နေအိမ်ရှေ့မှာ ထိုင်နေတဲ့အချိန် အိမ်ရှေ့မှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် ညာဒူးအောက်ကြေမွပြတ်ရှ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၁ ရက်နေ့မှာ မန္တလေးမြို့အတွင်း နေရာတော်တော်များများ ဗုံးပေါက်တာတွေဖြစ်ခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်မီးပွိုင့်အနီးက အ ထ က (၃၂) ကျောင်းရှေ့မှာ အစောင့်ချထားတဲ့ စစ်တပ်ကို သေနတ်နဲ့ ပစ်သွားတာကြောင့် စစ်သား ၁ ယောက်သေ၊ ၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။