မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်မီးပွိုင့်အနီး အ.ထ.က (၃၂) ကျောင်းရှေ့မှာ အစောင့်ချထားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကို ဇွန်လ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ အမည်မသိသေနတ်သမားက ပစ်ခတ်သွားပါတယ်။
ပစ်ခတ်မှုကြောင့် စစ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရတယ်လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူ တစ်ဦးက ပြောပါတယ်။
ပစ်ခတ်သူတွေဟာ ကားနဲ့ လာရောက်ပစ်ခတ်တာဖြစ်ပြီး ကျောင်းပတ်ဝန်းကျင်မှာ ဗုံးတစ်လုံးဖောက်ကာ သေနတ်နဲ့ ပစ်တာလို့ သိရပါတယ်။
ဒီနောက် ကားဆက်မောင်းသွားပြီး ပြည်ကြီးတံခွန်မြို့နယ် တောင်မြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့က အစောင့်ချထားတဲ့ လက်နက်ကိုင် စစ်သားတွေကိုလည်း ပစ်ခတ်သွားတယ်လို့ သိရပါတယ်။