မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး ၂ ယောက်နဲ့ ဒလန် ဝန်ထမ်း ၃ ယောက် အသတ်ခံရတယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF)က ထုတ်ပြန်ပါတယ်။
ဂန့်ဂေါမြို့နယ်ထဲမှာ မေလ ၃၁ ရက် ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူး ၂ ယောက်နဲ့ ဒလန်အကြီးစား ဝန်ထမ်း ၃ ယောက်တို့ဟာ ဖောက်ခွဲရေးပစ္စည်းတွေ သယ်လာတယ်လို့ သတင်းရတာကြောင့် တားဆီးစစ်ဆေးရာမှာ အဲဒီပစ္စည်းတွေနဲ့ ပြန်လည် ခုခံဖို့ကြိုးစားတာကြောင့် ပြန်လည်ခုခံခဲ့ရတာဖြစ်ပါတယ်လို့YDF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အဆိုပါဖြစ်စဉ်မှာ ဖောက်ခွဲရေးပစ္စည်း ၂ ခုနဲ့အတူ စစ်ကောင်စီခန့် ဟံသာဝတီအုပ်ချုပ်ရေးမှူး ဦးတာလူး၊ မြောက်ခရမ်း အုပ်ချုပ်ရေးမှူး ဦးစိန်ဦးနဲ့ ဒလန် ၃ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နောက်နောင်မှာလည်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YDF) ရဲ့ စစ်ဆေးမှုတွေကို လက်မခံရင် အခုလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံရမယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။