မိုးကုတ်မြို့က လူငယ် ၁ ဦး ဖမ်းဆီးခံရ
DVB Digital
·
May 30, 2021
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ကြပ်ပြင်ရပ်ကွက်မှာ မေလ ၃၀ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်အုပ်စုက အသက် ၁၉ နှစ်အရွယ် လူငယ် ကိုဇင်ကိုကျော်လွင်ကို သူ့ရဲ့ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပါတယ်။
ကြပ်ပြင်ရပ်ကွက်ထဲက နေအိမ်တွေမှာ အကြမ်းဖက်စစ်အုပ်စုက လိုက်လံစစ်ဆေးရာ ကိုဇင်ကိုကျော်လွင်ရဲ့ ဖုန်းကို စစ်ဆေးပြီးနောက် လူနဲ့အတူ ဖုန်းကိုပါ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့မှာ သပိတ်ပါဝင်ဖို့ လိုက်လံလှုံ့ဆော်သူတွေကို ဒီနေ့မနက် ၄ နာရီလောက်ကတည်းက စစ်အုပ်စုက လိုက်လံရှာဖွေဖမ်းဆီးနေတာဖြစ်ပါတယ်။