ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ တန်ဂျာရွာနားမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ စစ်ယာဉ်တန်းကို ကေအိုင်အေ တပ်မဟာ ၁ တပ်ဖွဲ့က ဒီနေ့ မေလ ၃၀ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပူတာအို ဒေသခံတစ်ဦးက ပြောပါတယ်။
ပူတာအိုမြို့နယ် လုန်ရှာယာန်အုပ်စု၊ တန်ဂျာရွာနားရှိ အင်ဒေါင်ဘွမ့်တောင်ခြေမှာ စစ်ရေးလှုပ်ရှားလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ အယောက် ၅၀ လောက် ပါလာတဲ့ စစ်ယာဉ်တန်းကို ကေအိုင်အေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကျအဆုံးတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ပူတာအိုခရိုင်မှာ မေလ ၂၉ ရက်ကလည်း လုံရှာယာန်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ယာဉ်တန်းကို ကေအိုင်အေက တိုက်ခိုက်ခဲ့ပါတယ်။