ပအိုဝ်းအမျိုးသားအဖွဲ့(PNO)အနေနဲ့ အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့နဲ့ပူးပေါင်းပြီး ပြည်သူကို သတ်ဖြတ်ဖို့ ကြံစည်နေတာတွေကို အမြန်ဆုံးရပ်တန့်ဖို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(PNDF)က မေ ၂၉ ရက်မှာ သတိပေးတားမြစ်လိုက်ပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့(PNO)ဟာ စစ်တပ်လက်နက်ကိုင်ဌာနေပြည်သူ့စစ်တပ်ဖွဲ့ တစ်ခု ဖြစ်ပြီးသူထိန်းချုပ်ရာ နယ်မြေအတွင်းက ဒေသခံလူထုတွေရဲ့ မြေယာတွေကို ဥပဒေမဲ့သိမ်းဆည်းတာ အနိုင်ကျင့်ဗိုလ်ကျတာ စတဲ့လုပ်ရပ်တွေနဲ့ နာမည်ကျော်ဇောနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ဒါ့အပြင် ရှမ်း- ကယားနယ်စပ်မှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကို တိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက PNO ပြည်သူ့စစ်အဖွဲ့ကို လက်ကိုင်တုတ်အဖြစ် အသုံးချနေပါတယ်။