Home
မြန်မာသတင်း
ဂန့်ဂေါတွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်
DVB
·
May 28, 2021

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာနဲ့ မွှေ့လယ်ရွာကြားမှာ အကြမ်ဖက် စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ မေလ ၂၈ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။

ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ကား ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး နှစ်ဘက်အကျအဆုံးစာရင်းကို အတိအကျမသိရသေးပါဘူး။

ဖေဖော်ဝါရီ ၁ ရက်နေ့  စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေ အပေါ် စစ်တပ်က အကြမ်းဖက်၊ သတ်ဖြတ်၊ ဖမ်းဆီး၊ ထောင်ချ၊ လုယက်၊ ဖျက်ဆီး၊ ညှဉ်းပန်းနှိပ်စက်နေတဲ့ ဥပဒေမဲ့လုပ်ရပ်တွေကြောင့်ပြည်သူ့လူထုတွေက မိမိကိုယ်ကို ခုခံကာကွယ်ဖို့အတွက် နိုင်ငံ အနှံ့အပြားမှာ ကာကွယ်ရေးတပ်တွေဖွဲ့စည်းကာ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ခုခံ တိုက်ခိုက်လာကြတာပါ။

အခုလက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား ကချင်၊ ကယား၊ ကရင်၊ ချင်းပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ တိုက်ခိုက်မှုဖြစ်ပွားနေပြီး နှစ်ဖက် ကျဆုံးဒဏ်ရာရတာတွေရှိနေပါတယ်။

စစ်တပ်က ဝေဟင်၊ ‌မြေပြင်ကနေ  လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်တွေ၊ ဘုရားကျောင်းတွေ၊ သာသနိကအဆောင်အဦတွေနဲ့ အပြစ်မဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေ ရှိနေပါတယ်။

စစ်တပ်က အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာ အခုဆိုရင် ၄ လအတွင်း သေဆုံးသူ ၈၀၀ ကျော် ရှိလာပြီဖြစ်ပြီး အဓမ္မဖမ်းဆီးခံထားရသူ ၄၀၀၀ ကျော်ရှိလာပြီဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024