မကွေးလေတပ်စခန်းဌာနချုပ်မှာ မေ ၂၈ ရက်မနက်ပိုင်းက တိုက်လေယာဉ်တွေ အတက်အဆင်း ဆက်တိုက်လုပ်နေတယ်လို့ မကွေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
"မကွေးလေတပ်စခန်းဌာနချုပ်က ဂျက်တိုက်လေယာဉ်တွေ ဒီနေ့မနက်ပိုင်းမှာကိုပဲ အိမ်ခေါင်မိုးပေါ်ကနေ ဖြတ်ပျံနေတာ အကြိမ် ၂၀ မက ရှိပြီ"လို့ လေတပ်စခန်းနဲ့ နီးစပ်တဲ့ မြို့ခံ တစ်ယောက်က ပြောပါတယ်။
တိုင်းရင်းသားဒေသတွေဖြစ်တဲ့ KIO/ KIA နဲ့ KNU/KNLA နယ်မြေတွေ အပါအဝင် ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲမှာကို မကွေးမြို့ခံတွေ စိုးရိမ်နေကြပြီး ဘေးအန္တရာယ်ကင်းအောင်လည်း ဆုတောင်းပေးနေတယ်လို့ ဆိုပါတယ်။
ဧပြီ ၂၉ ရက်က မကွေးလေတပ်စခန်းဌာနချုပ်နဲ့ မိထ္ထီလာလေတပ်စခန်းဌာနချုပ်တွေ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။