Home
မြန်မာသတင်း
သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်၊ ရဲတိုက်နှင့် ပိုင်တံခွန်တို့ အင်းစိန်ထောင် အထူး တရားရုံးတွင် စစ်ဆေး
DVB
·
May 28, 2021

ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်၊ ရဲတိုက်နဲ့ ပိုင်တံခွန်တို့ကို အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာ မေလ ၂၇ ရက်က စစ်ဆေးခဲ့ပြီး စစ်ကောင်စီက  ကျပ်သိန်း ၂၀၀ စီ တောင်းခံတယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ရှေ့နေက ပြောပါတယ်။ 

သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်တို့ သုံးဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ စွဲဆိုထားတာ ဖြစ်ပြီး မေလ ၂၇ရက်နေ့က အင်းစိန်ဗဟိုအကျဉ်းထောင်ဝင်းထဲက အထူးတရားရုံးမှာ အမှုစွဲတင်ခဲ့တယ်လို့ ပိုင်တံခွန်ရဲ့ရှေ့နေ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

လသာရဲစခန်းက ပုဒ်မ ၅၀၅(က)၊ မူးယစ်ပုဒ်မတွေနဲ့ အမှုစွဲထားတဲ့ သရုပ်ဆောင်ရဲတိုက်ကိုတော ဇွန် ၁ ရက်နေ့မှာရုံး ချိန်းပြန်ခေါ်ထားပြီး ပုဒ်မ ၅၀၅နဲ့အစွဲခံထားရတဲ့ သရုပ်ဆောင် မော်ဒယ်  ပိုင်တံခွန်ကိုတော့ ဇွန်လ ၃ ရက်နေ့မှာ ရုံးချိန်းပြန် ခေါ်ထားပါတယ်။ 

ဥပဒေအကြံပေးဦးခင်မောင်မြင့်က “အထူးတရားရုံးမှာ ပြေတီဦးတို့ အိန္ဒြာကျော်ဇင်တို့ကို မနေ့က မေလ ၂၇ ရက်နေ့မှာ အမှုစွဲတင်တယ်။ ကိုရဲတိုက်တို့ ပိုင်တံခွန်တို့ကတော့ စစ်နေပြီ။ တရား လိုမစစ်ရသေးဘူး။ ညှိနှိုင်းအစည်းဝေးကတော့ ပြီးသွားပြီ။ ပိုင်တံခွန်က ဇွန်လ ၉ ရက်နေ့ ကိုရဲတိုက်ကလသာက ဇွန် ၁ ရက်နေ့ မရမ်းကုန်းက ဇွန် ၃ရက်နေ့ ။ ကျန်တဲ့ သိန်းနှစ်ရာနဲ့ ညှိနှိုင်းတယ်တို့ဘာတို့ကတော့ ကျနော်တို့ မသိဘူးဗျ။ ကျနော်တို့က တရားဝင် အထူးတရားရုံးမှာ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ကိစ္စတွေပဲသိတယ်” လို့ပြောပါတယ်။

သရုပ်ဆောင်ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကို ဧပြီ ၉ ရက်နေ့က သူတို့ရဲ့ ဗဟန်းမြို့နယ်ကန နေအိမ်မှာဖမ်းဆီးခဲ့တာ ဖြစ်ပြီး သရုပ်ဆောင်မေတိုးခိုင်ကိုတော့ ဧပြီ ၁၄ ရက်နေ့မှာ စစ်ကောင်စီကဖ မ်းဆီးခဲ့တာပါ။

သရုပ်ဆောင်ရဲတိုက်ကို ဧပြီ ၃ ရက်နေ့က မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံးမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပိုင်တံခွန်ကိုတော့ ဧပြီ ၈ ရက် နေ့က သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့သရုပ်ဆောင်တွေအားလုံးကို  စစ်ကောင်စီက အကျဉ်းထောင်မှာ သီးသန့် ထိန်းသိမ်းထားပြီး ကျန်းမာရေးကောင်းကြတယ်လို့ ဦးခင်မောင်မြင့်က ပြောပါတယ်။  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024