စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ခရီးသွားပြည်သူတွေကို ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသိပေး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ရေလမ်း ကုန်လမ်းခရီးသွားနေကြတဲ့ မော်တော်ကားတွေ၊ ကုန်တင်ကားတွေ၊ အမြန်ရေယာဉ်တွေ၊ မော်တော်တွေ၊ ကုန်တင်ရေယာဉ်တွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်တွေ အချင်းချင်း ချိတ်သဆက်တင်းပေးသွားလာကြဖို့ အသိပေးထားပါတယ်။
အကြမ်းစစ်အုပ်စုက ကောလာဟာလ သတင်းတွေဖြန့်ပြီး ဝါဒဖြန့် တိုက်ပွဲတွေ ဆင်နွှဲနေတာကြောင့် ပြည်သူတွေ သေချာမေးမြန်းစုံးစမ်းပြီး သတိပြုနေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လူမှုကွန်ရက်ပေါ်တင်တာတွေ ရှောင်ရှားကြဖို့၊ ရပ်ကွက်အလိုက် သတင်းမှန်ကင်းထောက်များထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီကြဖို့လည်း အသိပေးထးပါတယ်။
ဒါ့အပြင် အရေးပေါ်တိမ်းရှောင်နေရာတွေ စီမံထားရှိပြီး အရေးကြီးတဲ့ အရာတွေကို အလွယ်တကူယူဆောင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့လည်း ကနီမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။