ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့မှာ ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းတွေကို ပြည်သူတွေအနေနဲ့ မသွားကြဖို့ ရွှေကူမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (SPDF) က မေလ ၂၇ ရက် နေ့စွဲနဲ့ ဒုတိယအကြိမ် ထပ်မံထုတ်ပြန်လိုက်ပါတယ်။
SPDF နဲ့ ပြည်သူအကြား အထင်အမြင်လွဲမှားစေဖို့ ရည်ရွယ်ချက်နဲ့ စစ်ကောင်စီရဲ့ လူတစုက SPDF အမည်ကို အလွဲသုံးစားပြုပြီး ရွှေကူမြို့ရှိ လောင်းကစားဝိုင်းတချို့မှာ ငွေကြေးကောက်ခံနေတဲ့အပေါ် စုံစမ်းစစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။
SPDF တပ်ဖွဲ့ဟာ ပြည်သူလူထုဆီကနဲ့ လောင်းကစားဝိုင်းတွေမှာ ငွေကြေးတစုံတရာ ကောက်ခံခြင်း မရှိကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
လက်ရှိအခြေအနေအရ ပြည်သူတွေ အကျပ်အတည်းဖြစ်နေချိန်မှာ စစ်ကောင်စီတပ်တွေနဲ့ လာဘ်ပေးချိတ်ဆက်ပြီး လောင်ကစားဝိုင်းတွေ ဖွင့်လှစ်နေတာဟာ ပြည်သူတွေကို အကျိုးယုတ်စေပြီး စစ်ကောင်စီတပ်တွေအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စ ထောက်ပံ့ရာ ရောက်တာကြောင့် အဲဒီလုပ်ငန်းတွေကို ထိထိရောက်ရောက် အရေးယူသွးမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လုံးဝမသွားကြဖို့ SPDF တပ်ဖွဲ့က မေ ၂၆ ရက်ကလည်း ကြေညာချက် ထုတ်ပြန်ထးပါတယ်။