ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO နှစ်ပတ်လည်အစည်းအဝေး မြန်မာတက်ခွင့်မရ

photo-reuters

ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHOရဲ့ နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်ဖို့ မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် ဘယ်သူ့ကို အသိအမှတ်ပြု ရွေးချယ်ရမှန်း မဝေခွဲနိုင်တဲ့ အကျပ်အတည်းကြောင့် ဒီနှစ်အစည်းအဝေးမှာ မြန်မာနိုင်ငံကို ဖယ်ထုတ်ထားလိုက်ပါတယ်။

၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံတက်ရောက်ဖို့ အာဏာသိမ်းခံရတဲ့ မြန်မာအရပ်သားအစိုးရကရော၊ အာဏာလုယူထားတဲ့ စစ်တပ်ဘက်ကပါ မြန်မာကိုယ်စားပြု တက်ရောက်ခွင့်ပြုဖို့  ပန်ကြားချက်တွေကို နှစ်ဖက်စလုံးကနေ WHOက လက်ခံရရှိထားတာပါ။ 

ဒီကိစ္စကို ကုလသမဂ္ဂစနစ်တခုလုံးအနေနဲ့ ဘယ်လိုရှုမြင်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ လမ်းညွှန်မှုကို စောင့်ဆိုင်းနေချိန်အတွင်းမှာ နိုင်ငံ့ကိုယ်စားလှယ် အဖွဲ့ရဲ့အထောက်အထားတွေကို စိစစ်ဖို့ တာဝန်ပေးအပ်ထားတဲ့ WHO ကော်မတီဟာ အဓိကအစည်းအဝေးမှာ ဘယ်သူဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုသင့်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းထားဖို့ အဆိုပြုထားပါတယ်။

မေလ ၂၅ ရက် မနက်ပိုင်းမှာ WHO အဖွဲ့ဝင်နိုင်ငံတွေ မဲပေးဖို့မလိုပဲ အတည်ပြုလိုက်တဲ့ အဆိုပြုချက်အရ ‘၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ ဘယ်သူမှ မြန်မာနိုင်ငံကိုယ်စားပြုမှာ မဟုတ်ဘူးလို့ ဆိုလိုထားပါတယ်။ 

ဒီတပတ်ကျင်းပမယ့် WHO ရဲ့နှစ်ညီလာခံမှာ အရှိန်အဟုန်မြင့်မားနေဆဲဖြစ်တဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါကိစ္စက  အရေးအပါဆုံးဆွေးနွေးမယ့်အကြောင်းအရာဖြစ်နေပါတယ်။ 

ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီကို ပြန်လည်ပြုပြင်ဖို့နဲ့ အနာဂတ်ကာလမှာ ဒီလို ကပ်ဘေးတွေကို ရှောင်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆိုင်ရာချဉ်းကပ်မှုတွေ လုပ်ဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up