ဖားကန့်တွင် လူငယ် ၁ ဦး သေနတ်ဖြင့် ပစ်ခံရ
DVB
·
May 25, 2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု စပေါ့ကျေးရွာနေ လူငယ်တစ်ယောက်ကို အမည်မ မသိလူ ၂ ယောက်က နေအိမ်ထဲမှာ ဝင်ပြီး သေနတ်နဲ့ပစ်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
သေနတ်နဲ့ပစ်သတ်ခံရသူဟာ အသက် ၂၅ နှစ်အရွယ် ကျော်မျိုးထွန်း ခေါ်မျိုးထွန်းလို့ သိရပါတယ်။
မေလ ၁၀ ရက် ညပိုင်းကလည်း ဆိပ်မူအုပ်စု ဆန်းကြွယ်ကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ်သမား ၃ ယောက်က ပစ်သတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။