Home
မြန်မာသတင်း
တန့်ဆည်တွင် တပ်သတင်းပေး သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
May 23, 2021

တန့်ဆည်မြို့က စစ်တပ်သတင်းပေးတစ်ယောက် ဒီမနက်က သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဟာမြိုင်ရပ်ကွက်နေ တပ်သတင်းပေးဆိုသူဟာ သူ့ရဲ့အိမ်မှာပဲ ပစ်ခတ်ခံရတာ ဖြစ်ပြီး ခေါင်းနဲ့ရင်ဘတ်ကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

သူ့မိန်းမလည်း သတိလစ်သွားတာကြောင့် ၂ ယောက်လုံးကို ရေဦးမြို့က ဆေးရုံကိုတင်ခဲ့ရပြီး တပ်သတင်းပေးဆိုသူကတော့ ဆေးရုံမှာ သေဆုံးသွားပါတယ်။

သူဟာ အရင်က သစ်မှောင်ခို၊ ရဲသတင်းပေးလုပ်ခဲ့ပြီး အခုကာလမှာလည်း စစ်ကောင်စီရဲ့ အကြီးစားဒလန်တစ်ယောက်ဖြစ်​တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024