ဖြူးမြို့နယ် ကျောင်းများအနီး ပေါက်ကွဲမှုများဖြစ်
DVB
·
May 22, 2021
ပဲခူးတိုင်း၊ ဖြူးမြို့နယ်ထဲက မြို့အားလုံးနီးပါးရဲ့ စာသင်ကျောင်းတွေနားမှာ မေ ၂၂ ရက် မနက် ၁ နာရီဝန်းကျင်က ပေါက်ကွဲတာတွေ ဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှုအများစုဟာ စာသင်ကျောင်းတွေနား ဖြစ်ခဲ့တာမို့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။
မေလအစောပိုင်းကလည်း ကညွှတ်ကွင်းမြို့မှာ အသံဗုံးတလုံး ပေါက်ကွဲခဲ့ဖူးပါတယ်။
မြို့နယ်အတွင်းမှာ စစ်ကောင်စီကို ထောက်ခံတဲ့ ပျူးစောထီး ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းထားပြီး လက်နက်တွေကို စစ်ကောင်စီက ထောက်ပံ့နေတယ်လို့လည်း အတည်ပြုမရတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။