ပေါင်မြို့မှ လူငယ်များ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြ
DVB
·
May 22, 2021
မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လူငယ်တွေဟာ မေလ ၂၂ ရက်နေ့မှာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်တွေကတော့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းပြီး ကျောင်းဖွင့်ဖို့လုပ်နေတဲ့ Non CDM ဆရာ၊ ဆရာမတွေကို ပြစ်တင်ရှုတ်ချခဲ့ပြီး ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းမတက်ကြဖို့ တိုက်တွန်းပါတယ်။
ပေါင်မြို့နယ်က လူငယ်တွေဟာ အာဏာသိမ်း စစ်ကောင်စီကို သပိတ်မျိုးစုံပြုလုပ်ပြီး နေ့စဉ် ရက်ဆက် ဆန္ဒထုတ်ဖော်နေကြပါတယ်။