စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရဲဒွေးကျေးရွာကို မေ ၂၁ ရက်နေ့ မနက် ၉ နာရီကျော်လောက်က အကြမ်းဖက် ရဲနဲ့စစ်သား အင်အား ၈၀ လောက်လာပြီး ရွာသား ၄ ဦးကို မတရားဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မေ ၂၀ ညက ရဲဒွေးရွာဒလံဖြစ်သူ ကိုဝင်းနောင်ရဲ့ အိမ်မီးလောင်သွားတာကြောင့် အဲ့ဒီ့ ဒလံက ဒီမနက်မှာ စစ်သားတွေကို ဖုန်းဆက်ခေါ်ခဲ့တာဖြစ်ပြီး ရွာသား ၄ ဦးကို သံသယရှိတယ်ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက်ရဲနဲ့စစ်သားတွေက ရွာက သပိတ်ခေါင်းဆောင် ဦးဖိုးချုပ်ကို လာရှာရာမှာ မတွေ့တာကြောင့် နေအိမ် ပြတင်းပေါက်မှန်တွေကို ရိုက်ခွဲသွားပြီး ရေစက်ကို ခိုးယူသွားတယ်လို့ သိရပါတယ်။
ဒီနောက် ရွာသား ကိုကျော်တင့်၊ မိပြုံး၊ မချောတင်နဲ့ မသန်းဝင်းတို့ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေက ရဲဒွေးရွာကို ရှာဖွေလုယူတာတွေပြုလုပ်တာ အခုဆိုရင် ၄ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။ မေ ၂၀ ရက် နေ့ခင်းပိုင်းကလည်း ရွာကိုလာရှာရာမှာ လမ်းမှာတွေ့တဲ့ ရွာသား ကိုတင်လင်းကို အကြောင်းပြချက်မရှိ ဖမ်းခေါ်သွားတယ်လို့လည်း သိရပါတယ်။
ကန့်ဘလူမြို့နယ်၊ ပိတောက်ပင်ကျေးရွာမှာလည်း မေလ ၇ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်လာခဲ့လို့ ရွာသူရွာသားအချို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရာ အိမ်မှာ ကျန်ရစ်တဲ့ ရွှေငွေနဲ့ လက်ကိုင်ဖုန်းတွေလည်း ယူသွားကြတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။
ပိတောက်ပင်ရွာသားအချို့ မေလ ၇ ရက်နေ့ ထွက်ပြေးတိမ်းရှောင်စဉ်က