မန္တလေးတိုင်း မိုးကုတ်မြို့မှာ မေလ ၁၈ ရက် ည ၈ နာရီဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မိုးကုတ်မြို့ကြံ့ခိုင်ရေးပါတီရုံးမှ ညစောင့်ထိမှန်ဒဏ်ရာရခဲ့သလို ထွက်ကြည့်တဲ့ ကျောင်းအုပ်တစ်ဦး ကျည်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကြံ့ခိုင်ရေးပါတီရုံးနဲ့ မိုးလုံလေလုံ အားကစားကွင်းအနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက ရမ်းသန်း ပစ်ခတ်မှုကြောင့် ထွက်ကြည့်တဲ့ ကျောင်းအုပ်ကို ကျည်ထိမှန်ခဲ့ကာ ပြင်ဦးလွင်စစ်ဆေးရုံကို ပို့ဆောင်ထားရပါတယ်။
ကျောင်းအုပ်ဟာ CDM မှ Non CDM ပြုလုပ်ထားသူဖြစ်ပြီး ရင်ဘတ်ကို ကျည်ထိမှန်ခဲ့တာဖြစ်ကာ ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်းနဲ့ Mogok Hill Hotel မှ မှန်တွေ ကွဲခဲ့တယ်လို့ သိရပါတယ်။