ချင်းပြည်နယ်၊ ဟားခါးနဲ့ ဖလမ်းကြားမှာ ဟားခါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF-Hakha)နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေ မနေ့ညက ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က ၆ ယောက် ပွဲချင်းပြီး သေဆုံးတယ်လို့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ညနေပိုင်း ၅ နာရီခွဲကနေ ၈ နာရီကြားမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက် ပွဲချင်းပြီးသေဆုံးကာ ၁၀ ယောက်ကျော် ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က RPG၊ ၆၀ မမ စတဲ့လက်နက်ကြီးတွေနဲ့ ပစ်တာကြောင့် CDF-Hakha ဘက်က ၁ ယောက် ကျဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။