ထိုင်းအကျဉ်းထောင်များ၌ ၅ ရက်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၁၀၀၀၀ နီးပါးရှိ

ထိုင်းနိုင်ငံတဝန်းလုံးက အကျဉ်းထောင် ၈ ခုမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်ခံရသူပေါင်း ၉၇၈၃ ဦး(တစ်သောင်းနီးပါး) ရှိတယ်လို့ သက်ဆိုင်ရာကထုတ်ပြန်ချက်ကို ကိုးကားပြီး မန်နေဂျာ အွန်လိုင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ အရေအတွက်မှာ ၂၀၂၁ ခု မေလ ၁၂ ရက်မှ ၁၆ ရက်နေ့ထိ ၅ ရက်တာကာလအတွင်း စစ်ဆေးတွေ့ရှိချက်တွေလို့ ဆိုပါတယ်။

ပိုးတွေ့သူအများဆုံးအကျဉ်းထောင်မှာ ချင်းမိုင်ခရိုင်ဖြစ်ပြီး လူပေါင်း ၆၄၆၉ ဦးကို စစ်ဆေးရာမှာ တစ်ဝက်ကျော် ၃၉၂၉ ဦးမှာ တွေ့ရှိတာဖြစ်ပါတယ်။ 

ဒုတိယအများဆုံးမှာ ဘန်ကောက်အထူးအကျဉ်းထောင်ဖြစ်ပြီး လူပေါင်း ၃၀၂၃ ဦးစစ်ဆေးတဲ့ထဲ ကူးစက်ခံရသူ ၁၉၆၀ ရှိပါတယ်။ 

ဗဟိုအမျိုးသမီးအကျဉ်းထောင်မှာတော့ ၄၄၈၈ ဦးကိုစစ်ဆေးရာမှာ ၁၀၃၉ ဦး ကူးစက်ပြီး ခလောင်းပရဲမ်အကျည်းထောင်မှာ ၈၀၈၈ ဦးစစ်ဆေးတဲ့ထဲ ၁၀၁၆ ဦး ကူးစက်ခံထားရပါတယ်။ 

ထွန်းပူးရီးခရိုင်အထူးအကျဉ်းထောင်မှာ  စစ်ဆေးခဲ့သူပေါင်း ၄၀၁၅ ဦးရှိပြီး ကူးစက်သူ ၁၇၂၅ ဦး၊ ချချိန်းဆောဝ်းအကျဉ်းထောင်မှာ လူပေါင်း ၂၆၇၁ ဦးစစ်ဆေးတဲ့အနက် ကူးစက်ခံရသူပေါင်း ၄၃ ဦး၊ ပြန်လည်ထူထောင်ရေးဗဟိုအကျဉ်းထောင်မှာ ၅၈၇၆ ဦးစစ်ဆေးပြီး ကူးစက်ခံရသူ ၁၂ ဦး၊ ထွန်းပူရီးခရိုင်အကျဉ်းဖောင်မှာ ၂၆၆၁ စစ်ဆေးပြီး ကူးစက်ခံရသူ ၅၉ ဦး အသီးသီးတွေ့ရှိခဲ့ပါတယ်။ 

ဒါကြောင့် ကူးစက်သူများတဲ့ အကျဉ်းထောင်တွေမှာ ကိုဗစ်-၁၉  ရောဂါသီးသန့်ကုသဖို့ ယာယီဆေးရုံတွေ ဆောက်လုပ်နေပါတယ်။

ထိုင်းတနိုင်ငံလုံး ကူးစက်မှုအခြေအနေမှာတော့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေစီမံကွပ်ကဲရေး ဗဟိုအဖွဲ့ CCSA ရဲ့ မေလ ၁၇ ရက်ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် ၉၆၃၅ ဦးရှိပြီး အဲဒီထဲမှာ အကျဉ်းထောင်ကလူနာ ၆၈၅၃ ဦးပါဝင်တယ်လို့ ဆိုပါတယ်။ နောက်ထပ်သေဆုံးသူ ၂၅ ဦးရှိပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကစ အခုထိ ကိုဗစ် ၁၉ ရောဂါနဲ့သေဆုံးသူပေါင်း ၆၁၄ ဦးရှိပါတယ်။ 

မေ ၁၇ ရက်ထိ ကိုဗစ် ၁၉ ကူးစက်ခံရသူစုစုပေါင်း ၁၁၁၀၈၂ ဦး (တစ်သိန်းကျော်) ရှိသွားပြီဖြစ်ပြီး ၃၉၇၇၄ ဦး သက်သာပျောက်ကင်းသွားပြီလို့ ဆိုပါတယ်။

Photo- Credit- MGROnline

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up