မိုးကုတ်မြို့ နှစ်နေရာတွင် ပေါက်ကွဲမှုဖြစ်
DVB
·
May 16, 2021
မန္တလေးတိုင်း မိုးကုတ်မြို့မှာ မေလ ၁၆ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးဝန်းကျင်နဲ့ ဗျူဟာကုန်းအနီးက ဝန်ထမ်းအိမ်ရာအနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အသံဗုံးလို့ ယူဆရကြောင်း ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မသိရသေးပေမယ့် ပျက်စီးမှုအနည်းငယ်ရှိတယ်လို့ သိရပါတယ်။
မေလ ၁၃ ရက်နေ့ကလည်း စည်ပင်ရုံးအနီးဝန်းကျင်မှာ လက်လုပ်ဗုံးတလုံး ပေါက်ကွဲခဲ့သေးတယ်လို့ သိရပါတယ်။