ရန်ကုန်မြို့လယ် ကုန်ဈေးတန်းလမ်း (အလယ်ဘလောက်)မှာ မီးလောင်မှုဖြစ်ပွားရာမှာ Level 3 အဆင့်နဲ့ မီးငြှိမ်းသတ်ခဲ့ရပါတယ်။
ဒီနေ့မနက် ၁၁ နာရီခွဲလာက်က ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်၊ (၄) ရပ်ကွက်၊ ကုန်ဈေးတန်းလမ်း(အလယ်ဘလောက်)မှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်ရာကို ကျောက်တံတားမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်အုပ်စုတွေ ထွက်ခွာ ငြှိမ်းသတ်ခဲ့ကြပါတယ်။
မွန်းတည့် ၁၁ နာရီ မိနစ် ၅၀လောက်မှာတော့ Level 2 ယာဉ်အုပ်စုတွေ ထွက်ခွာပြီး ၁၂ နာရီ ၁၅ မိနစ်မှာ Level 3 ယာဉ်အုပ်စုတွေ ထွက်ခွာမီးငြိမ်းသတ်ခဲ့ကြရာမှာ ၁၂နာရီခွဲလောက်မှာ မီးထိန်းနိုင်ကာ ၁၂ နာရီ ၅၂ မိနစ်မှာတော့ မီးငြိမ်းသွားကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မီးသတ်တပ်ဖွဲ့က မီးလောင်မှု မြင်ကွင်းဗွီဒီယိုမှာတော့ သုံးထပ်တိုက်အဆောက်အအုံ ပထမထပ်နဲ့ ဒုတိယထပ်တစ်ခုလုံး မီးလောင်ကျွမ်းနေတာ တွေ့ရပါတယ်။