မွန်ပြည်နယ်၊ သထုံမြို့မှာ မေလ ၁၆ ရက်နေ့ မနက် ၆ နာရီအချိန်လောက်က ဗုံး ၃ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
ပထမအကြိမ် ဗုံးပေါက်ကွဲမှုဟာ သထုံမြို့၊ အ.ထ.က (၂) ကျောင်းဝင်းအနီး ရေစင်နားရှိ ရေမြောင်းအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။
ဒ့ါအပြင် မနက် ၆ နာရီခွဲလောက်မှာလည်း အ.ထ.က ၂ ကျောင်းဝင်ပေါက်ထွက်ပေါက်နားမှာ ဒုတိယအကြိမ် ဗုံးတစ်လုံး ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
အလားတူ မနက် ၆ နာရီ မိနစ် ၄၀ လောက်မှာ သထုံမြို့၊ အောက်ကျင်းရပ်ကွက် စျေးအနီးရှိ ဇင်ယော်တည်းခိုခန်းနဲ့ မီးသတ်တပ်ဖွဲ့ လူနေလိုင်းခန်းကြားရှိ အမှိုက်ပုံးအတွင်း ဗုံးတစ်လုံး ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။
အဆိုပါ ဗုံးပေါက်ကွဲမှု သုံးကြိမ်စလုံးမှာ ပြည်သူ ထိခိုက်ဒဏ်ရာ ရရှိတာတော့ မရှိပါဘူး။