ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာအကျော်မှာ မေလ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က တရုတ်တစ်သျှူး ငှက်ပျောတွဲကားတစ်စီး တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။
ကန်ပိုက်တီဘက်က ဆင်းလာတာဖြစ်ပြီး ဝါရှောင်ကျေးရွာအကျော် ဂေါ်ဆက်ယန်မှာ လမ်းဘေး အရှိန်လွန်တိမ်းမှောက်ခဲ့ကာ လူထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါလမ်းကြောမှာ တရုတ်တစ်သျှူးငှက်ပျောတွဲကားတွေ စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် မကြာခဏ ယာဉ်မတော်တဆမှုဖြစ်ပွားလေ့ရှိပြီး သတိထား သွားလာရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ကလည်း တရုတ်တစ်သျှူးငှက်ပျောတွဲကား တိမ်းမှောက်မှုကြောင့် ဝါရှောင်ကျေးရွာရှိ တရုတ်-မြန်မာ ချစ်ကြည်ရေးတံတား ပျက်စီးခဲ့တာရှိသလို တွဲကားနဲ့ ချိတ်မိလို့ လူငယ်တစ်ဦး ခေါင်းကြိတ်ခံရကာ သေဆုံးခဲ့ပြီး အမှုမှန်ပေါ်ပေါက်ဖို့ ခက်ခဲနေတယ်လို့လည်း သိရပါတယ်။