ပေါင်မြို့နယ်တွင် စစ်အာဏာရှင်ကို ဆက်လက်ဆန္ဒပြ
DVB
·
May 15, 2021
မွန်ပြည်နယ်၊ ပေါင်မြို့နယ် တောင်ရှေ့ပိုင်းက ပြည်သူတွေဟာ မေလ ၁၅ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီကို ပြောက်ကျားသပိတ်ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒီကနေ့မှာတော့ ပေါင်မြို့နယ်တောင်ရှေ့ပိုင်းက ပြည်သူတွေဟာ သွေးမကြောင်တဲ့ တို့ ပေါင်ဆိုပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ကရင်လူမျိုး အများစုနေထိုင်တဲ့ ပေါင်မြို့နယ် တောင်ရှေ့ပိုင်းက ဌာနေဒေသခံ ပြည်သူတွေဟာ အာဏာသိမ်း စစ်ကောင်စီကို သပိတ်မျိုးစုံ ပြုလုပ်ပြီး နေ့စဉ် ရက်ဆက် ဆန္ဒထုတ်ဖော်နေတာပါ။