စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မေလ ၁၄ ရက်က ဖွဲ့စည်းခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ကာကွယ်ရေးတပ် ဖွဲ့စည်းတာနဲ့အတူ လုပ်ငန်းစဉ် ၅ ချက်ကိုလည်း တပါးတည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဟာ ယင်းမာပင်မြို့နယ်နဲ့အနီးဝန်းကျင်မှာ အာဏာရှင်ကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေကို စစ်အကြမ်းဖက်များရဲ့ အန္တရာယ်က ကာကွယ်ဖို့၊ CDM ဆောင်ရွက်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ကာကွယ်ဖို့၊ အကြမ်းဖက်စစ်ကောင်စီကို ပြောက်ကျား စနစ်နဲ့ ဆန့်ကျင်ခုခံဖို့၊ တော်လှန်ရေးကို တခြားမြို့နယ်တွေနဲ့ ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်ဖို့နဲ့ NUG၊ CRPH၊ SPDF တို့နဲ့ ချိတ်ဆက်ပြီး အာဏာရှင်စနစ် အကြွင်းမဲ့ ချုပ်ငြိမ်းရေးကို နည်းစနစ်တကျ ဖော်ဆောင်ဖို့ ထည့်သွင်းဖော်ပြထားပါတယ်။