မင်းတပ်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား
DVB
·
May 15, 2021
မင်းတပ်မြို့မှာ ဒီနေ့ မနက် ၇ နာရီအချိန်ဝန်းကျင်က စတင်ကာ စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား မြို့တွင်းတိုက်ပွဲ ဖြစ်ပွားနေပါတယ်။
တိုက်ပွဲအခြေအနေ ပြင်းထန်နေပြီး စစ်ကောင်စီအကြမ်းဖက်တပ်က သာလွန်အင်အားနဲ့ ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေပါ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲနဲ့ပတ်သက်လို့ ပျက်စီးဆုံးရှုံးမှုနဲ့ နှစ်ဖက်ထိခိုက် သေဆုံးထိခိုက်ဒဏ်ရာရတဲ့အခြေအနေကို ဒီဗွီဘီကနေ ဆက်လက်စုံစမ်းနေပါတယ်။