ဖားကန့်မြို့နယ်၊ ဆိပ်မူနှင့် ဝှေခါဒေသက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု
DVB
·
May 14, 2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စုနဲ့ ဝှေခါဒေသနေ ပြည်သူတွေက ဒီကနေ့ မေလ ၁၄ ရက်နေ့က စစ်အာဏာရှင်တော်လှန်ရေးသပိတ်ဆင်နွှဲခဲ့ကြပါတယ်။
ပညာရေးမိသားစုတွေအပါအဝင် ဒေသခံ မိဘပြည်သူတွေက ဝှေခါကျေးရွာအတွင်းလှည့်လည်ပြီး မှော်ဂလုံရွာအထိ သွားရောက် လှည့်လည်ခဲ့ကာ မှော်ဂလုံ (မူလွန်) ကျောင်းရှေ့မှာလည်း စစ်ကျွန်ပညာရေးစနစ်အလိုမရှိကြောင်း ဆန္ဒပြသပိတ်မှောက်ခဲ့ကြပါတယ်။