ချင်းမိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ရန် ပြင်ပမှရွှေ့ပြောင်းလုပ်သားဝင်ရောက်မှု ကန့်သတ်

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်ထဲကို တခြားခရိုင်တွေ အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်မှု အနီရောင်အဆင့်ဖြစ်နေတဲ့ ခရိုင်ကရွှေ့ပြောင်းလုပ်သားတွေ ဝင်ရောက်လာမှု ခွင့်မပြုကြောင်း  ခရိုင်ကူး စက်ရောဂါထိန်းချုပ်ရေးအဖွဲ့က မေလ ၁၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ 

အဆိုပါရွှေ့ပြောင်းလုပ်သားတွေမှာ မြန်မာ ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေဖြစ်ပြီး၊ သူတို့ဟာ လက်ရှိ ကိုဗစ်-၁၉ ကူးစက်မှုအနီရောင်ဖြစ်နေတဲ့ ၄၅ ခရိုင်က လာတယ်ဆိုရင် ဝင်ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

လုပ်ငန်းအရ မိမိအလုပ်ရှင်နဲ့အတူ ဝင်ရောက်လာရမယ်ဆိုရင်လည်း သက်ဆိုင်ရာ အလုပ်ရှင်က မိမိမြို့နယ်တွင်းရှိ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနဆီမှာ ၅ ရက်ကြိုတင်အကြောင်းကြားရမှာဖြစ်ပြီး အဲဒီကထောက်ခံစာပါမှ ဝင်ခွင့်ရမယ်လို့ ဆိုပါတယ်။ 

အခုလို ရွှေ့ပြောင်းလုပ်သားတွေကို သီးသန့်ဝင်ခွင့်ကန့်သတ်လိုက်တဲ့အပေါ်မှာ “  ကိုဗစ်-၁၉ က ရွှေ့ပြောင်းလုပ်သားမှာပဲ ရှိတာလား ထိုင်းတွေမှာမဖြစ်ဘူးလား”။ ” ရွှေ့ပြောင်း လုပ်သားလည်းလူပဲ ထိုင်းလည်းလူပဲ ကိုဗစ်-၁၉ ကလူမရွေးဘူး ”။  “ လာအိုနိုင်ငံသားတွေ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရပြီနော်”။  “တခြားခရိုင်ထက်စာရင် ချင်းမိုင်ခရိုင်ကမှ နယ်စပ်တွေရှိလို့ ပိုတောင်စိုးရိမ်ရသေး”၊  “ကိုဗစ်က လူရွေးပြီးကူးလို့လား” စသဖြင့် ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။ 

ချင်းမိုင်ခရိုင်မှာ ဒီကနေ့ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာသစ် ၁၀ ဦးတွေ့ရှိပြီး စုစုပေါင်း ၃၉၇၀ ဦးရှိသွားပြီဖြစ်ပါတယ်။ ချင်းမိုင်ခရိုင်အကျည်းထောင်ထဲမှာလည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၀၀ ကျော်တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ထိုင်းတနိုင်ငံလုံးအနေနဲ့တော့ ဒီကနေ့ မေလ ၁၄ ရက်နေ့ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၉၆၀၅၀ ဦး၊ သက်သာပျောက်ကင်းသူ ၆၂၃၁၆ ဦး နဲ့ သေဆုံးသူပေါင်း ၅၄၈ ဦးရှိပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up