မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ် ဗုံးကွဲ၊ ဝန်ထမ်း ၁ ဦး ဒဏ်ရ
DVB
·
May 13, 2021
စစ်ကိုင်းတိုင်း မြင်းမူမြို့မှာ မေ ၁၃ ရက် ဒီနေ့ မွန်းလွဲပိုင်းက မြန်မာ့စီးပွားဘဏ်ခွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ဝန်ထမ်း ၁ ယောက် ဒဏ်ရာရရှိသွားပါတယ်။
“ အခုနေ့လည်ပိုင်း ၂ နာရီ ၁၀ မိနစ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်။ ပေါက်ကွဲတာ မြန်မာ့စီးပွားဘဏ်ထဲက ဘဏ်ဝန်ထမ်းတစ်ဦး ဒဏ်ရတယ်။ အခုရဲတွေ စစ်သားရောက်နေ တယ်” လို့ မြင်းမူဒေသတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ ဒီနေ့ နေလည်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ နေရာ ၃ နေရာမှာ ဖြစ်ပွားခဲ့ပါတယ်။