မုဒုံမြို့က ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ယူလိုများ အခက်အခဲကြုံ
DVB
·
May 10, 2021
မွန်ပြည်နယ်၊ မုဒုံမြို့က ပုဂ္ဂလိကဘဏ်တွေမှာ ပြည်သူတွေ ငွေထုတ်ယူဖို့ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေကြရပါတယ်။
ပိုက်ဆံထုတ်ဖို့ မနက်မိုးမလင်းခင်ကတည်းက ကြိုတင်တန်းစီရတယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။ ဒါ့အပြင် ကိုယ်စားတန်းစီစောင့်သူတစ်ယောက်ကို ငွေတစ်သောင်းကျပ်နှုန်းဈေး ပေါက်နေတယ်လို့လည်း သိရပါတယ်။