ကမ္မမြို့၌ အတားဆီးတွေကြားက စစ်အာဏာရှင်ဆန့်ကျင်သပိတ်စစ်ကြာင်းဆန္ဒပြ
DVB
·
May 10, 2021
ပခုက္ကူမြို့နယ် ကမ္မမြို့မှာ မေလ ၁၀ ရက် မနက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ အတားဆီးတွေကြားက စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်စစ်ကြောင်း အောင်မြင်စွာချီတက် ဆန္ဒပြခဲ့ပါတယ်။
သပိတ်ချီတက်ဖို့ လူစုတဲ့အချိန်မှာ အကြမ်းဖက်အဖွဲ့က ကားအစီး ၂၀ လောက်နဲ့ စောင့်ကြည့်နေပြီးတော့ မြို့ထိပ်ဘုန်းကြီးကျောင်းကနေ အမှတ်(၃) ရပ်ကွက်အထိ အောင်မြင်စွာ ချီတက်လူစုခွဲနိုင်ခဲ့တယ်လို့ သပိတ်ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။