ယင်းမာပင်ခရိုင်မှာ ပြည်သူတွေကို အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကနေ ကာကွယ်ပေးဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မေ ၉ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ ပုလဲမြို့နယ်နဲ့ မင်းကင်းမြို့နယ်တွေရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က ခြိမ်းခြောက်ဝင်ရောက်ပြီး ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးတာ၊ အဓမ္မယူငင်တာနဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ ကျူးလွန်မှုတွေ ကျူးလွန်နေတာတွေကို ညီညွတ်သောကျေးရွာများအင်အားစု(ခ)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကာကွယ်ပေးနိုင်ဖို့ အခုလို ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
မြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဘာသာရေးဆိုင်ရာယာဉ်တွေ အပါအဝင် အရပ်ဘက်သုံးယာဉ်တွေကို ခြိမ်းခြောက်ကာ ကုန်းလမ်း ရေလမ်းတွေမှာ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာ သယ်ယူပို့ဆောင်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အခုလိုဆောင်ရွက်နေတာဟာ ဒေသလုံခြုံရေးအတွက် ကြီးမားသောအန္တရာယ်ရှိတာကြောင့် ပြည်သူတွေအနေနဲ့ မော်တော်ယာဉ်တွေမှာ အမိုးအကာတွေ ဖုံးအုပ်တာ၊ ကားမှန်တွေ တင်ပြီး မောင်းနှင်တာတွေ မပြုလုပ်ကြဖို့၊ ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တည်းခိုခွင့် မပြုကြဖို့၊ သတိပေးချက်ကို မလိုက်နာပါက အချိန်မရွေး အန္တရာယ်ကျရောက်နိုင်ကြောင်း ညီညွတ်သောကျေးရွာများအင်အားစု (ခ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (UVF)က ထုတ်ပြန်ထးပါတယ်။