Home
မြန်မာသတင်း
မန္တလေး သံဃသမဂ္ဂစစ်ကြောင်းမှ မသန်စွမ်းတစ်ဦး ဖမ်းခံရ
DVB
·
May 9, 2021

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၈ လမ်း နဲ့ ၁၁၂ လမ်းအနီးမှာ မေ ၉ ရက် ၂ နာရီကျော်က မန္တလေးသံဃသမဂ္ဂစစ်ကြောင်းမှာ အမြဲပါတဲ့ မသန်စွမ်းတစ်ဦး ဖမ်းခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူဟာ စိုင်းလှမင်းဆိုသူဖြစ်ပြီး မန္တလေးသံဃသမဂ္ဂစစ်ကြောင်း လူစုခွဲအပြီးမှာ ဖမ်းဆီးခံလိုက်ရတာပါ။

လာရောက်ဖမ်းဆီးတဲ့ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့တွေဟာ အရပ်ဝတ်တွေနဲ့ အိမ်စီးကားနဲ့ လာရောက် ဖမ်းခေါ်သွားတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024