ငါန်းဇွန်မြို့က NLD ပါတီဝင်တစ်ဦး ဖမ်းဆီးခံရ
DVB
·
May 9, 2021
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ အမှတ် (၁) ရပ်ကွက် ငါန်းဇွန်ဈေးအနီးနေတဲ့ NLD ပါတီဝင် ၁ ဦး မေ ၈ ရက် ည ၉ နာရီကျော်လောက်က ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူ ကိုနိုင်လင်းဟာ ငါးဇွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခိုင်မြဲ ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။
ကိုနိုင်လင်းကို မေးစရာရှိတယ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ လူတွေက လာရောက် ဖမ်းခေါ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။