မန္တလေးမြို့၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်ဝင်းအတွင်း ဗုံးကွဲ
DVB
·
May 7, 2021
မန္တလေးမြို့ပေါ်ရှိ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်(MIIT) ဝင်းထဲက အမျိုးသားအဆောင်မှာ မေလ ၇ ရက်၊ နေ့လယ် ၁ နာရီခွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
"၁ နာရီကျော်ကျော်လောက်က ကျောင်းဝင်းထဲ ပေါက်ကွဲသံကြားရတာပါ။ အသံကတော်တော်ကျယ်တယ်၊ ကျောင်းသားအဆောင်နားထုသွားတာ"လို့ ပေါက်ကွဲမှုဖြစ်တဲ့ နေရာအနီးဝန်းကျင်က ပြည်သူတစ်ဦးက ပြောပါတယ်။
MIIT ကျောင်းဝန်းထဲမှာ စစ်သားတွေ တပ်ချထားတာလည်း ဖြစ်ပါတယ်။
မေလ ၆ ရက်နေ့က CDM လုပ်တဲ့ ပါမောက္ခတွေ၊ ကထိကတွေကစလို့ ဝန်ထမ်းတွေကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း စစ်အုပ်စုက ကြေညာခဲ့ပါတယ်။