စစ်ကိုင်းတိုင်း တန့်ဆည်မြို့မှာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို နည်းပေါင်းစုံ ဆန့်ကျင် တိုက်ခိုက်ရေးဖို့ တန့်ဆည်ပြည်သူကာကွယ်ရေးတပ်ကို မေ ၇ ရက်နေ့က စတင် ဖွဲ့စည်းကြောင်း ကြေညာပါတယ်။
တန့်ဆည်အနီးဝန်းကျင်ရှိ အာဏာရှင်ဆန့်ကျင်တဲ့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေကို အကြမ်းဖက်အန္တရာယ်မှာ ကာကွယ်ဖို့၊ CDMဆောင်ရွက်နေတဲ့ ပြည်သူဝန်ထမ်းတွေကို ကာကွယ်ဖို့၊ အကြမ်းဖက်စစ်ကောင်စီကို ပြောက်ကျားစနစ်နဲ့ ဆန့်ကျင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတာလို့ ဆိုပါတယ်။
ဒါ့အပြင် အမျိုသားညီညွတ်ရေးအစိုးရ(NUG) ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ၊ SPDF တို့နဲ့ ချိတ်ဆက်ပြီး စစ်အာဏာရှင်စနစ်အကြွင်းမဲ့ချုပ်ငြိမ်းရေး ဖော်ဆောင်သွာမယ်လို့လည်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ကြေညာထားပါတယ်။