နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘေးရန်ကနေ အများပြည်သူတွေကို ကာကွယ်ပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒီးမော့ဆို)ကို မေလ ၆ ရက်နေ့မှာ ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်ဖို့ စိတ်အားထက်သန်တဲ့ ဒေသတွင်းလူငယ်အင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။
PDF ဒီးမော့ဆိုအဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာ၊ မတရားဖမ်းဆီးတာ၊ နှောင့်ယှက်တာစတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လုပ်နေမယ်ဆိုပါက PDF ဒီးမော့ဆို အနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ အပေါင်းပါတွေကို နည်းမျိုးစုံနဲ့ တိုက်ထုတ်ရှင်လင်းသွားမယ်လို့လည်း ကြေညာထားပါတယ်။