Home
မြန်မာသတင်း
NLD ဗဟိုကော်မတီဝင်အပါအဝင် ၃ ဦးကို အကြမ်းဖက်စစ်အုပ်စုက သေနတ်ထောက်ဖမ်းဆီး
DVB
·
May 7, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုကော်မတီဝင် အပါအဝင် ၃ ဦးကို  အကြမ်းဖက်စစ်အုပ်စုက  မေလ ၆ ရက်ညနေက  သေနတ်ထောက်ပြီး ဖမ်းဆီးသွားပါတယ်။

မနေ့ညနေ ၄ နာရီ ၁၅ မိနစ်လောက်က ရန်ကုန်မြို့ ဗဟန်းမြိုနယ်ရှိ  အန်အယ်လ်ဒီဗဟို ရုံးချုပ်ရှေ့မှာ အန်အယ်လ်ဒီ ဗဟိုကော်မတီဝင် ဦးဘမျိုးသိန်း၊ ဦးစိုးဝင်း(ခေါ်)ဦးစိုးလေးနဲ့  ရခိုင်ပြည်နယ် လူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုဟိန်းမင်းထက်တို့ကို လက်နက်ကိုင်အရပ်ဝတ်တွေက သေနတ်ထောက်ခြိမ်းခြောက်ပြီး မတ်တူးကားနှစ်စီးပေါ်ကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာလို့  NUG အစိုးရရဲ့  PVTV  ရုပ်သံက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ ၃ ဦးဟာ  အန်အယ်လ်ဒီပါတီဗဟိုဌာနချုပ်မှာ   ပုံမှန်ရုံးတက်နေသူတွေ ဖြစ်ကြပြီး သူတို့ကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024