မန္တလေး သီရိမန္တလာကားဝင်းအနီး ဗုံးပေါက်
DVB
·
May 6, 2021
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၂၂ လမ်း ၊ ၈၉ လမ်း သီရိမန္တလာကားဝင်းအနီး မေ ၆ ရက် မနက်ပိုင်းက လက်လုပ်ဗုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ပွဲပြီ မကြာခင်မှာပဲ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ရောက်လာပြီး လှည့်လည်စစ်ဆေးတာတွေ လုပ်တယ်လို့ အနီးပတ်ဝန်းကျင်ရှိ လူတစ်ဦးက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ နဲ့ ပျက်စီးဆုံးရှုံးတာ မရှိဘူးလို့ သိရပါတယ်။
ဗုံးပေါက်ခဲ့တဲ့နေရာဟာ အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက်လက်နက်ကိုင်တွေ အမြဲ ရှိနေတတ်တဲ့နေရာဖြစ်ပါတယ်။