စစ်ကျွန်ပညာရေးစနစ်တိုက်ဖျက်ရန် မန္တလေးမဟာမိတ်သပိတ်စစ်ကြောင်းများ ပူးပေါင်းဆန္ဒပြ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ မေ ၆ ရက် မနက်ပိုင်းက စစ်ကျွန်ပညာရေး စနစ်တိုက်ဖျက်ဖို့ မန္တလေးမြို့ရှိ မဟာမိတ်သပိတ်စစ်ကြောင်းတွေ ပူးပေါင်းပြီး ချီတက်ဆန္ဒပြခဲ့ ပါတယ်။

မဟာမိတ်စစ်ကြောင်းမှာ မန္တလေးပညာရေးမိသားစုသပိတ်စစ်ကြောင်းအပါအဝင် မန္တလေး ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)သပိတ်စစ်ကြောင်း၊ အမရပူရမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ် ) ၊အောင်မြေသာစံအခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊ ဘုရားကြီးငြိမ်းချမ်ရေးသပိတ်စစ်ကြောင်း၊ အ.ထ.က(၂၆) ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ အ.ထ.က (၇) ကျောင်းသားဟောင်းများသပိတ် စစ်ကြောင်း၊ မန္တလာတက္ကသိုလ်ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ သမဝါယမ တက္ကသိုလ်ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊ DTM (မန္တလေး)​ ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ MIITကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း၊တက္ကသိုလ်ဆရာဆရာမများသပိတ်စစ်ကြောင်း၊ တမ္ပဝတီလူထုသပိတ်စစ်ကြောင်း၊ စိန်ပန်းလူထုသပိတ်စစ်ကြောင်း၊ တပ်ပေါင်းစုသပိတ်စစ်ကြောင်း၊ အဖမ်းဆီးခံပြည်သူများကိုယ်စားပြု သပိတ်စစ်ကြောင်းတို့ ပါဝင်ခဲ့ကြပါတယ်။

ချီတက်ဆန္ဒပြရင်း အကြမ်းဖက် စစ်သူပုန်တွေ အသက်သွင်းနေတဲ့ စစ်ကျွန်ပညာရေး စနစ်အောက်မှာ ပညာမသင်ဘဲ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ကျရှုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပေါ်ပေါက်ရေးတို့အတွက် တိုက်ပွဲဝင်ပြီး ဒီမိုကရေစီပညာရေးစနစ်အောက်မှာသာ ပညာသင်ကြားဖို့ ဟောပြောလှုံ့ဆော်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up