ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မေလ ၅ ရက် မနက် ၈ နာရီကျော်က စစ်အာဏာရှင်ဆန့်ကျင်တဲ့ ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ရာ ရဲနဲ့ စစ်တပ်က အိမ်စီးကားတွေနဲ့ လိုက်တိုက်ခဲ့ပြီး အမျိုးသမီး ၄ ဦးနဲ့ ဆိုင်ကယ် ၃ စီးကို ဖမ်းဆီးယူဆောင်သွားပါတယ်။
သပိတ်ဦးဆောင်သူ တစ်ဦးက "အခုလောလောဆယ် မိန်းကလေး လေးယောက်နဲ့ဆိုင်ကယ် သုံးစီးကိုဖမ်းသွားတယ်လို့သိထားတယ်။ ဆိုင်ကယ်သပိတ်စစ်ကြောင်းကို အိမ်စီးကားနဲ့ အရှေ့ကရော အနောက်ကရော ညှပ်ပိတ်ပြီးဖမ်းတာ”လို့ပြောတယ်။
ဆိုင်ကယ်စီးသပိတ် တပ်ကုန်းရပ်ကွက် စံပြနယ်မြေအရောက်မှာ အိမ်စီးကား ၇ စီးလောက်က အရှေ့အနောက်ညှပ်ဖမ်းပြီး ၅ မိနစ်လောက် အကြာမှာ ရဲကားစစ်ကားတွေ ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။
ဒီနေ့မနက် ၁၀ နာရီလောက်ကလည်း အထွေထွေသပိတ်မှလူငယ်တွေ မြစ်ကြီးနားမြို့လယ် စည်ပင်သာယာပိုင် စျေး(၁)အရှေ့မှာ လမ်းလျှောက်သပိတ်နဲ့ ဆန္ဒပြပြီး အောင်မြင်စွာ လူစုခွဲခဲ့ကြပါတယ်။
Photo - Myitkyina Gen-Z