ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ် အထက ၂ ကျောင်းအုပ် ဒေါ်ချိုချိုငြိမ်းနဲ့ လက်ပံဇင် အထက ခွဲ ကျောင်းအုပ်ဆရာ ဦးလင်းလင်းထွန်းတို့က CDM ဆရာ ဆရာမတွေကို ခေါ်ယူတွေ့ဆုံကာ လုပ်ငန်းခွင်ဖို့ အတင်းအကြပ်ဖိအားပေးနေတယ်လို့ ဓနုဖြူမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂက ပြောပါတယ်။
အဆိုပါ ကျောင်းအုပ်တွေဟာ CDM ဝန်ထမ်းတွေကို ၅၀၅ (က)နဲ့ ခြိမ်းခြောက်တာ၊ အလုပ်ဖြုတ်မယ်ဆိုပြီး ဖိအားပေးတာတွေကြောင့် ဆရာဆရာမတချို့ Non CDM ကို ကူးပြောင်းသွားတာတွေ ရှိလာတယ်လို့ သိရပါတယ်။
CDM ဆရာ ဆရာမတွေရဲ့ နာမည်စာရင်း လိပ်စာအတိအကျနဲ့ အကြမ်းဖက်စစ်တပ်ကို တိုင်ကြားတာတွေပါ ပြုလုပ်နေတာပါ။ ဒါ့အပြင် ဓနုဖြူက ကြံခိုင်ရေးပါတီဥက္ကဋ္ဌ ဦးနိုင်ဝင်းရဲ့ဇနီး ကျောင်းဆရာမ ဒေါ်နီနီလှိုင်ဟာလည်း ဆန္ဒပြလူငယ်တွေကို ဝတ္တရားနှောင့်ယှက်မှုနဲ့ တိုင်ကြားလိုက်တာကြောင့် ကျောင်းသားလူငယ်တစ်ဦး လက်ရှိမှာ အဖမ်းခံထားရတယ်လို့ သိရပါတယ်။
အဲ့ဒီလို စစ်ကောင်စီအလိုကျ ယုတ်မာတဲ့လုပ်ရပ်ကို ပြုလုပ်နေကြတဲ့ ဆရာ ဆရာမတွေကို ဒလန်စာရင်းသွင်းကာ social punishment လုပ်ကြရမယ်လို့ ဓနုဖြူအခြေခံပညာကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။