မန္တလေးမြို့က စစ်ကျွန်ပညာရေးဆန့်ကျင်သပိတ်
DVB
·
May 5, 2021
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က မန္တလေးပညာရေးကောလိပ်လေ့ကျင့်ရေး အလယ်တန်းကျောင်းရှေ့မှာ မေလ ၅ ရက် မနက်ပိုင်းက စစ်အာဏာရှင်လက်အောက်က ဖက်ဆစ်ပညာရေးစနစ်ကို မသင်ယူရေး စာတွေ ကပ်ပြီးလှုပ်ရှားခဲ့ပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ ဖက်ဆစ်ပညာရေး ယန္တရားကို အသက်သွင်းဖို့ လုပ်နေတဲ့ ဆရာ ဆရာမ တွေရဲ့ ဓာတ်ပုံတွေပါ ကပ်ထားပြီး အလိုမရှိကြောင်း ပြသခဲ့ကြပါတယ်။