မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ မေလ ၄ ရက် မနက်ပိုင်းက ဗုံး ၂ ကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
မနက် ၄ နာရီခွဲလောက်က မော်လမြိုင် ပညာရေးဒီဂရီကောလိပ်ကျောင်းဆိုင်းဘုတ်အနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ညကင်းစောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်က မီးလောင်ခဲ့တဲ့ ရွှေမြိုင်သီရိအုပ်ချုပ်ရေးမှူးရုံးအနီး အသစ်ထပ်ဖွင့်ထားတဲ့ ရုံးမှာလည်း မနက် ၅ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ရှာဖွေ စစ်ဆေးလုပ်ဆောင်နေသလို မြို့ပေါ်ရပ်ကွက် အများစုမှာလည်း လုံခြုံရေး တိုးမြှင့်ထားပါတယ်။